ကုမ္ပဏီမိတ်ဆက်
- Billion Smiles ကုမ္ပဏီသည် မြန်မာနိုင်ငံသားပိုင် Myanmar Technology Gateway Company Limited (MTG) နှင့် Myanmar Operation Enginering Group Company Limited (MOE) Company တို့ပူးတွဲလုပ်ဆောင်သော ဖက်ဆက်ကုမ္ပဏီဖြစ်ပါသည်။
- မြန်မာနိုင်ငံအတွင်း ကွန်ပျုတာနည်းပညာ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး ကဏ္ဏများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MTG အား ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး MTG သည် မြန်မာနိုင်ငံ အတွင်း၌ အဆိုပါကဏ္ဍများတွင် ဥိးဆောင်နေသော ကုမ္ပဏီများအနက် တစ်ခုဖြစ်ပါသည်။
- ဆက်သွယ်ရေးကွန်ယက်များ မြန်မာနိုင်ငံတစ်ဝှမ်း ချိတ်ဆက်တပ်ဆင်ပေးနိုင်ရန် အလို့ငှာ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှု ဥိးစီးဌာန မှ Network Facilities Service (I) လိုင်စင်အား လျှောက်ထားရယူခဲ့ပြီးလည်း ဖြစ်ပါသည်။
ကုမ္ပဏီ၏ ရည်မှန်းချက်
- ဆက်သွယ်ရေးကွန်ယက် ၀န်ဆောင်မှုများအား ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး၊ လိုအပ်သောနည်းပညာ နှင့် ပြုပြင်ထိမ်းသိန်းခြင်းလုပ်ငန်းများအား ထိထိရောက်ရောက် ကူညီပံ့ပိုးခြင်းဖြင့် သုံးစွဲသူတိုင်း ယုံကြည်အားထားရသောကွန်ယက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်လာရန်
ကုမ္ပဏီ၏ စံတန်ဖိုးများ
- နိုင်ငံတကာစီးပွားရေးဆိုင်ရာ စံနှုန်းများနှင့် ကျင့်၀တ်များအားအပြည့်အ၀လိုက်နာဆောင်ရွက်ခြင်း
- သုံးစွဲသူများ၏ လုပ်ငန်း လိုအပ်ချက်များအလိုက် ၀န်ဆောင်မှု နည်းပညာများအား ထိရောက်စွာကူညီပံ့ပိုးနိုင်ရန် အမြဲ အဆင်သင့်ဖြစ်ခြင်း။
- ဆက်သွယ်ရေး ကွန်ယက်နှင့် ပတ်သက်၍ လူမှုအခြေပြုလုပ်ငန်းများ၊ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများအား အခါအားလျော်စွာ ဆောင်ရွက်ခြင်း