လုပ်ငန်းစီမံချက် အဆိုပြုချက်
စီမံကိန်းတွင် ပါဝင်သော လုပ်ငန်းအစိတ်အပိုင်းများ
Central Office (Core Network) အား အိမ်ရာဝန်းအတွင်း တပ်ဆင်ခြင်း
- ဖိုင်ဘာ အင်တာနက်ဖြန့်ဝေသော စက်များ၊ နိုင်ငံတကာ အင်တာနက်ပင်မထွက်ပေါက်နှင့် ချိတ်ဆက်သော ပစ္စည်းများ၊ ကွန်ယက်လုံခြုံရေးစနစ်များ၊ ကွန်ယက်စောင့်ကြည့်ရေးစနစ်များ အားတပ်ဆင်သွားပါမည်။
Fiber Distribution ဖိုင်ဘာကွန်ယက် များ ပြေးဆွဲခြင်း
- Central Office မှ နေ၍ အိမ်ယာအတွင်းရှိ တိုက်ခန်းများ ဆီသို့ ဖိုင်ဘာကေဘယ်ကြိုးများအား မြေပေါ် သို့မဟုတ် မြေအောက် လိုအက်သကဲ့သို့ သွယ်တန်းချိတ်ဆက်သွားပါမည်။
FAT တပ်ဆင်ခြင်း နှင့် အိမ်ခန်းများ ဆီသို့ Drop Cable များ ပြေးဆွဲခြင်း
- တိုက်ခန်းအဆောက်အဦတစ်ခုချင်းစီ၏ လှေကားခွင်အောက်ခြေတွင် Fiber Access Cabinet များ တပ်ဆင်ပြီး ထိုမှတဆင့် အဆောက်အဦးရှိ ကေဘယ်ပြေးလမ်းတစ်လျှောက်မှနေ၍ လူနေအိပ်ခန်းများဆီသို့ Drop Cable များ ပြေးဆွဲသွားပါမည်
အိမ်ယာအတွင်း လုံခြုံရေးကင်မရာ တပ်ဆင်ခြင်း
- အိမ်ယာ၀န်းအတွင်း လုံခြုံရေးအရ စောင့်ကြပ်ကြည့်ရှုရန်လိုအပ်သော နေရာ (၁၀) နေရာတွင် လုံခြုံရေးကင်မရာများ အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ပြီးပါမည်။
စီမံကိန်းတွင် Billion Smiles မှ လုပ်ဆောင်မည့် အခန်းကဏ္ဍ
- အိမ်ယာအင်တာနက် စနစ်အတွက် ကုန်ကျမည့် နည်းပညာ နှင့် စက်ပစ္စည်းများအား ၁၀၀ ရာခိုင်နှုန်း ရင်းနှီးလုပ်ကိုင်သွားပါမည်။
- ထို့အပြင် အခြားသော ဆက်စက်၀န်ဆောင်မှုလုပ်ငန်းများဖြစ့်သည့် ကွန်ပျူတာ နှင့် ကွန်ယက်တပ်ဆင်၊ ပြုပြင်ခြင်း၊ လုံခြုံရေးကင်မရာ တပ်ဆင်၊ ဆောင်ရွက်ခြင်း တို့ကိုလည်း ၀န်ဆောင်မှုပေးသွားပါမည်။
- လုပ်ငန်းစတင်ပြီးနောက် အင်တာနက်စနစ် ၂၄နာရီ စဥ်ဆက်မပြတ် လည်ပတ်စေရေး နှင့် သုံးစွဲသူများ၏ နည်းပညာအခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် Billion Smiles ၏ နည်းပညာရှင်များ၊ အင်ဂျင်နီယာများ မှ အချိန်ပြည့် ဝန်ဆောင်မှု ပေးသွားပါမည်။
- လစဥ်သုံးစွဲမှု User အရေအတွက်၊ သုံးစွဲမှုမှတ်တမ်း၊ ၀န်ဆောင်မှုမှတ်တမ်းများအား စနစ် (Billing System) အတွင်း ၀င်ရောက်ကြည့်ရှုနိုင်ရန် ဆောက်လုပ်ရေး၀န်ကြီးဌာန သက်ဆိုင်ရာ တာ၀န်ရှိ ပုဂ္ဂိုလ်အား Monitoring Account တစ်ခုအား ပေးအပ်သွားပါမည်။
- ၀န်ဆောင်မှုပိုင်းဆိုင်ရာအရ ဆောက်လုပ်ရေး၀န်ကြီးဌာနနှင့် လိုအပ်သလို ညှိနှိုင်းလုပ်ဆောင်ရန်အတွက် Billion Smiles မှ စီမံခန့်ခွဲရေး တာ၀န်ခံ သီးသန့် ထား၍ လုပ်ဆောင်သွား ပါမည်။
ဝန်ဆောင်မှုနှုန်းထားများ
ဝန်ဆောင်မှုနှုန်းထားများမှာ လစဥ်ငွေပေးချေသော စနစ်ဖြစ်ပြီး သုံးစွဲသူများမှ
ဝန်ဆောင်မှု ရယူရန် သဘောတူညီမှု သက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။
ဝန်ဆောင်မှု ရယူရန် သဘောတူညီမှု သက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။
ဝင်ငွေခွဲဝေခြင်း နှင့် လူမှုအကျိုးပြု ဝန်ဆောင်မှုများ ပံ့ပိုးကူညီခြင်း
- အိမ်ရာ၀န်းအတွင်း ပြည်သူများအင်တာနက် လစဥ် သုံးစွဲမှု အရေအတွက်နှင့် ၀င်ငွေများအား စာရင်းဇယား (Monthly Report) နှင့်တကွ သက်ဆိုင်ရာ တာ၀န်ရှိဌာန (ဆောက်လုပ်ရေး၀န်ကြီးဌာန) သို့တင်ပြသွားပါမည်။
- ၀န်ဆောင်မှု စတင်သည့်လမှ စ၍ လစဥ်သုံးစွဲသူဦးရေမှ ရရှိလာသော၀င်ငွေ၏ (၅) ရာခိုင်နှုန်းအား သက်ဆိုင်ရာ တာ၀န်ရှိဌာန (ဆောက်လုပ်ရေး၀န်ကြီးဌာန) သို့ လစဥ်ပေးသွင်းသွားမည်ဖြစ်ပါသည်။ ထို့အတူ အခြားသော ဆက်စပ်၀န်ဆောင်မှု လုပ်ငန်းများမှ ရရှိလာသော လစဥ်၀င်ငွေ၏ (၅) ရာခိုင်နှုန်းအားလည်း လစဥ်ပေးသွင်းသွားမည်ဖြစ်ပါသည်။
- ၎င်းအပြင် အိမ်ရာ၀န်းအတွင်း လုံခြုံရေးအရ လိုအပ်သော နေရာ(၁၀) နေရာတွင်လည်း လုံခြုံရေးကင်မရာ CCTV များအား အခမဲ့ တပ်ဆင်ပေးသွားဖြစ်ပြီးပါမည်။
လုပ်ငန်းလိုအပ်ချက်
၀န်ဆောင်မှုသက်တမ်း
- ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ မြန်မာကျပ်ငွေ သိန်း (၃,၀၀၀) ခန့်ရှိပြီး လစဥ်၀န်ဆောင်မှုအထွေထွေစရိတ် (၀န်ထမ်းလခ၊ စက်ပစ္စည်း နှင့် စနစ်ထိန်းသိမ်းခ) မှာ မြန်မာကျပ်ငွေ သိန်း(၅၀) ကျော်ရှိသဖြင့် (စီမံကိန်းသက်တမ်း (၅) နှစ် လုပ်ကိုင်ခွင့် ပေးအပ်ရန်လိုပါသည်။
စျေးကွက်ထိန်းချုပ်ခြင်း
- ၀န်ဆောင်မှု သက်တမ်း စီမံကိန်းကာလ အတွင်း အဆိုပါ အကျိုးတူ၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းအား အဟန့်အတား၊ အနှောင့်အယှက် ဖြစ်စေနိုင်သော အခြားသော အင်တာနက်၀င်ဆောင်မှု ပေးသည့် လုပ်ငန်းများ အိမ်ရာအတွင်း၌ ၀င်ရောက်၊ ဆောင်ရွက်မှု မရှိစေရေး နှင့် အိမ်ယာအတွင်း၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် အခြားသော အင်တာနက်၀င်ဆောင်မှုများအား ၀◌ယ်ယူတပ်ဆင်ခြင်း မရှိစေရန်အလို့ဌာ ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ထိထိရောက်ရောက် ထိမ်းချုပ်ပေးထားရန် လိုအပ်ပါသည်။
အရင်းအမြစ်များသုံးစွဲခွင့်
- အင်တာနက် ချိတ်ဆက်ရန်အတွက် လိုအပ်သော အခြေခံအဆောက်အဦးများ (အဆောက်အဦး၊ မီးတိုင်၊ မြေနေရာ၊ လျှပ်စစ်ဓာတ်အား) သုံးစွဲခွင့်အား အိမ်ယာကော်မတီ သို့မဟုတ် သက်ဆိုင်ရာတာ၀န်ရှိ ဌာနမှ အပြည့်အ၀ထောက်ပံ့ပေးရန်လိုအပ်ပါသည်။