Billion Smlies

သုံးစွဲမည့်နည်းပညာနှင့်ဝန်ဆောင်မှု

သုံးစွဲမည့်နည်းပညာ

  • အိမ်ရာအင်တာနက် စနစ် (Residential Internet) အတွက် FTTx စနစ်အား သုံးစွဲသွားမည်ဖြစ်ပြီး အိမ်ရာဝင်းအတွင်း အင်တာနက် ပင်မဖြန့်ချီရေး စင်တာ (Central Office) တပ်စင်ခြင်း ၊ အိမ်ယာဝန်း အတွင်းရှိ အဆောက်အဥိးအသီးသီးသို့ ဖိုင်ဘာကေဘယ်ကြိုးများ သွယ်တန်းခြင်း (Fiber Distribution Network) နှင့် အဆောက်အဥိးများတွင်  Fiber Access Terminal များ တပ်ဆင်ထားရှိ၍ အိမ်ခန်းတိုင်းဆီသို့ ဖိုင်ဘာ အင်တာနက်ကြိုးများ ပြေးဆွဲထားမည် ဖြစ်ပါသည်။

  • ထို့ကြောင့် အင်တာနက် သုံးစွဲလိုသူများမှ အင်တာနက်စက်အား မိမိအိမ်ခန်းအတွင်းရှိ ဖိုင်ဘာကြိုးအား ချိတ်ဆက်၍ လွယ်ကူစွာ သုံးစွဲနိုင်မည် ဖြစ်ပါသည်။

ဝန်ဆောင်မှုပုံစံ

  • သုံးစွဲသူများအား ထိရောက်သော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်အတွက် Billion Smiles အနေဖြင့် ဝန်ဆောင်မှုပေးသော အဖွဲ့များ (Operation & Customer Support)အား အိမ်ရာဝန်းအတွင်းသို့ အချိန်နှင့် တပြေးညီ သွားရောက်ဝန်ဆောင်မှု ပေးနိုင်ရန် စီစဥ်ထားရှိမည်ဖြစ်ပြီး Network Operation Center အားလည်း ၂၄နာရီ ဖွင့်လှစ်၊ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဝန်ဆောင်မှု ရယူခြင်း

  • အင်တာနက် သုံးစွဲမှု အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Billion Smiles ၏ အရေးပေါ်နံပါတ် (Hotline) များသို့ ဖုန်းဆက်၍ ဝန်ဆောင်မှု ရယူနိုင်သည့်အပြင် အိမ်ယာအတွက် ဝန်ဆောင်မှုပေးရန် ဖွဲ့စည်းထားသော အဖွဲ့ထံသို့ တိုက်ရိုက်ဆက်၍ ရယူနိုင်ရန် စီစဥ်ထားပါသည်။

Residential Fiber Internet Access

ဝန်ဆောင်မှု တောင်းဆိုရန် ပုံစံ

ဝန်ဆောင်မှုအဆင့် သုံးစွဲမှု အခက်အခဲ အခြေအနေနှင့် ဝန်ဆောင်မှုတုံ့ပြန်ရန် ကြာချိန် ဝန်ဆောင်မှုရယူရန် အဆက်အသွယ်
အရေးကြီး အလယ်အလတ် သာမန်
ပထမအဆင့် ချက်ခြင်း ချက်ခြင်း ချက်ခြင်း ၂၄ နာရီ Online ဝန်ဆောင်မှုအဖွဲ့ (Hotline/ Helpdesk)
ဒုတိယအဆင့် ၁ နာရီ ၄ နာရီ ၈ နာရီ နည်းပညာဝန်ဆောင်မှုအဖွဲ့ (အိမ်ယာ)
တတိယအဆင့် ၄ နာရီ ၈ နာရီ ကွန်ယက်အရာရှိ (NOC)
စတုတ္ထအဆင့် ၈ နာရီ ဒါရိုက်တာ (အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း)

အတွေ့အကြုံအစဥ်လာကောင်းများ

ဂြိုလ်တုအင်တာနက်ကွန်ယက်များတပ်ဆင်ခြင်း

  • ၂၀၀၆ ခုနစ်မှ စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂြိုလ်တုဆက်သွယ်ရေး iPStar များအားဝယ်ယူ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ဌာန နှင့်ရေအားလျှပ်စစ်ထုတ်ယူရေး ဌာနများ သို့ အင်တာနက်ကွန်ရက်ပေါင်း (၅၀) ခန့် တပ်ဆင်ပေးခဲ့ပါသည်။

  • ၂၀၁၉ မေလ မှ စတင်၍ မိမိတို့ပိုင် ဂြိုလ်တုအင်တာနက်စနစ် VSAT Broadband များအား ဝန်ဆောင်မှု ပေးလျက်ရှိပြီး လတ်တလောတွင် မိမိတို့အနေဖြင့် ကချင်ပြည်နယ် ပူတာအိုဒေသ၊ ပန်ဝါဒေသ၊ တနိုင်း နှင့် ဖားကန့်ဒေသများ၊ တနင်္သာရီကမ်းရိုးတန်းတွင် တပ်မတော်ရေတပ်စခန်းတို့အတွက် ဂြိုလ်တုအင်တာနက်ကွန်ယက်များတက်ဆင်၊ဆောင်ရွက်ပေးထားပါသည်။

Cable နှင့် Wireless အင်တာနက်များတက်ဆင်ခြင်း

  • Internet Provider (FTTH) သုခ၀အိမ်ရာ၊ ကြိုးမဲ့ကွန်ယက်စနစ် များဖြင့် မြန်မာဘီယာကုမ္ပဏီ၊ မြန်မာကိုင်ဒိုကုမ္ပဏီ၊ DKSH Distribution ကုမ္ပဏီ၊ Super Seven Star မော်တော်ကား ကုမ္ပဏီ ကြီးများအတွက်တပ်ဆင်ပေးခဲ့ပြီး Fiber and Copper ကွန်ယက်များဖြင့် MITSoftware ကုမ္ပဏီရုံးချုပ်၊ မြန်မာဂလိုဘယ် ကုမ္ပဏီ၊ Inter Asia Shipping Line အပါအဝင် မြောက်များ လှစွာသော လုပ်ငန်းများအတွက်လည်း တပ်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်။

Contact Us

Lorem Ipsum is simply dummy text of the printing and typesetting industry.